Print

နှုတ်ခမ်းနှစ်လွှာ လှပစေဖို့ရာ

  01-Mar-2017
Preview Image

 

မျက်နှာပြင် လှပပြီး ဆွဲဆောင်မှုရှိစေဖို့ အရေးပါဆုံးဟာ နှုတ်ခမ်းတစ်စုံပါပဲ။ ဒီလိုလှပဖို့ရာ နှုတ်ခမ်းသားလေးတွေဟာ ကျန်းမာဖို့လိုပါတယ်။ ခြောက်ပြီး ကွဲအက်နေမယ်ဆိုရင်တော့ ဘယ်လိုမှ လှပနိုင်မှာ မဟုတ်ပါဘူး။ လှပပြီး ကျန်းမာတဲ့နှုတ်ခမ်းသားဟာနှုတ်ခမ်းဆိုးဆေး ဆိုးမထားသည့်တိုင်အောင် ပန်းနုရောင် သန်းနေပါလိမ့်မယ်။ နှုတ်ခမ်းသားများ ကျန်းမာနေမှ နှစ်လိုဖွယ် အသွင်အပြင် ရရှိနိုမှာပါ။ ဒါကြောင့်မို့ နှုတ်ခမ်းသား ခြောက်ခြင်းမျိုး မဖြစ်စေရန် ကြိုတင်ကာကွယ်မှု ပြုထားရမှာပဲ ဖြစ်ပါတယ်။ နှုတ်ခမ်းသား မခြောက်သွေ့ရအောင် ဒီလိုအချက်တွေနဲ့ ကာကွယ်ကြရအောင်။

 

၁။ နေရောင်ခြည်

နှုတ်ခမ်းသားတွေ နူးည့ံနေစေဖို့ နေပူထဲသွားရင် အနည်းဆုံး SPF 10 ပါဝင်တဲ့ နှုတ်ခမ်းလှဆီကို အမြဲလိမ်းပေးမယ်။ သို့မဟုတ် နှုတ်ခမ်းသားတွေ စိုနေစေဖို့ Moisturizer Lotion ကို လိမ်းပေးမယ်။

 

၂။ နှုတ်ခမ်း

နှုတ်ခမ်းလှပဖို့ရန်အတွက် သာမဟုတ်ဘဲ ခန္ဓာကိုယ်အတွက်ပါ အရေးတကြီးလိုအပ်တဲ့ ရေဓာတ် ရရှိဖို့အတွက် တစ်နေ့ကို အနည်းဆုံး ရေရှစ်ဖန်ခွက် သောက်ပေးမယ်။ ပြီးတော့ ရေ အပြင် ဗီတာမင်အေနှင့် အရေပြားနှင့် နှုတ်ခမ်းအတွက် ကောင်းမွန်စေတဲ့ အခြားသတ္တုဓာတ် အာဟာရတွေ ပါဝင်တဲ့ သန့်ရှင်းလတ်ဆတ်တဲ့ မုန်လာဥနီလို ဖျော်ရည်တွေကို သောက်ပေးမယ်။

 

၃။ လျက်ခြင်း

နှုတ်ခမ်းသားတွေ ခြောက်သွေ့စေတဲ့ အခြားအချက်တစ်ခုကတော့ နှုတ်ခမ်းကို လျှာဖြင့် လျက်ခြင်းပါပဲ။ ဒီလိုပြုလုပ်ရင် ကျန်းမာတဲ့ နှုတ်ခမ်းသားကိုတောင်ပြန်ပြီးခြောက်သွေ့စေတာမို့ ရှောင်ရှားပေးပါ။ ဒီလိုမျိုး ခဏခဏ မပြုလုပ်မိစေဖို့ နှုတ်ခမ်းအလှဆီ တစ်မျိုးမျိုးကို နှုတ်ခမ်းမှာဆိုး (သို့) လိမ်းထားပေးနိုင်ရင် ကောင်းပါတယ်။

 

၄။ ဆောင်းလေ

ဆောင်းရာသီမှာလည်း နှုတ်ခမ်းသား ခြောက်ခြင်း မဖြစ်အောင် ဆောင်းရာသီအတွက် ထုတ်လုပ်ထားတဲ့ နှုတ်ခမ်းဆိုးဆေးကို အထူးပြုပေးပါ။ ထိုရာသီအတွင်းမှာ သံလွင်ဆီကိုလည်း လိမ်းပေးနိုင်ပါတယ်။

 

၅။ ဓါတ်မတည့်သည့် နှုတ်ခမ်း အလှပြင်ပစ္စည်းများ

တစ်ခါတစ်ရံမှာ မိမိနှင့် ဓါတ်မတည့်တဲ့ နှုတ်ခမ်းအလှ ထိန်းသိမ်းသည့် ပစ္စည်းတွေ သွားတိုက်ဆေး (သို့) မိတ်ကပ်တွေဟာလည်း နှုတ်ခမ်းကို ယားယံစေပြီး ခြောက်သွေ့ခြင်းကိုပါ ဖြစ်လာစေနိုင်ပါသည်။ ဒီလိုမျိုးဖြစ်လာပြီဆိုရင် မိမိနှင့်ဓါတ်မတည့်ဘူးလို့ ခံစားမိတဲ့ ပစ္စည်းများကို ဆက်လက် မသုံးစွဲတော့ဘဲ အခြားတံဆိပ် အမျိုးမျိုးကိုပြောင်းလဲ၍ ရွေးချယ်အသုံးပြုကြဖို့ အကြံပေးပါရစေ။ နှုတ်ခမ်းနီ ဝယ်ယူမယ်ဆိုရင် ၎င်း၌ ပါဝင်သော ဓာတုပစ္စည်းများ စာရင်းတွင် နှုတ်ခမ်းသားကို စိုစွတ်မှု ပေးနိုင်သော moisturizer , Vitamin များနှင့် ဥပမာအားဖြင့် Vitamin E နဲ့ Lanoline ခေါ် သိုးမွေးမှရသည့် အဆီဖြင့် ထုတ်လုပ်သောနှုတ်ခမ်းဆိုးဆေးများကိုသာ ရွေးချယ်ရပါမယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဆည်းဆာညို
Health for all magazine, August 2016, No.115, Pg. 36



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18